Logo

14 October 2020

Hello, Blog!

The first post

အရင်တုန်းကတော့ Blog ရေးဖို့စိတ်ကူးမရှိသလို စိတ်လည်းသိပ်မဝင်စားပါဘူး။ ဒါပေမဲ့ အခုတလော developer တွေရဲ့ Blog တွေဖတ်ရတာ သဘောကျနေတယ်။ အထူးသဖြင့်တော့ Basecamp ရဲ့ Signal v. noise ၊ Tailwind CSS ရဲ့ Blog နဲ့ ဆရာထိန်လင်းရွှေ(Saturngod) ရဲ့ Blog တွေပါပဲ။ Blog ရေးဖို့ဆုံးဖြတ်လိုက်တာ ဆရာထိန်လင်းရွှေ (Saturngod) ရဲ့ Blog ကြောင့်ဆိုလည်းမမှားဘူး။ သူ့ရဲ့ Blogက ကျောင်းသားဘဝ ကတည်းက ရေးတာဆိုတော့ အဲဒီအချိန်ကနေ အခုထိ ရခဲ့တဲ့အတွေ့အကြုံတွေ ၊ ပညာတွေ ၊ ပြောင်းလဲလာတဲ့အတွေးအခေါ်တွေကို မြင်ရတယ်။ ဆရာကိုယ်တိုင်လည်း သူ့ Blog posts တွေကသူ့ဘဝရဲ့ အစိတ်အပိုင်းလေးတွေပဲလို့ ပြောထားတယ်။ ကျွန်တော်လည်း အဲဒါကိုသဘောကျလို့ ရေးဖို့ဆုံးဖြတ်လိုက်တာပါ။ နောက်ထပ် ရေးဖြစ်ဖို့သေချာအောင်တွန်းအားပေးတဲ့ အရာကတော့ Tailwind creator Adam Wathan ရဲ့ ဒီ tweet ပါပဲ။

Blog ရေးရင်ကောင်းမယ်လို့စစဉ်းမိတော့ ဘာနဲ့ရေးရင်ကောင်းမလဲ အရင်တွေးဖြစ်တယ်။ အဲဒီမှာ Tailwind blog က Next.js နဲ့ရေးထားတယ်ဆိုတာ GitHub မှာတွေ့လိုက်တယ်။ ကိုယ်တိုင်က React ထက် Vue ကိုအားသန်တဲ့သူဖြစ်လို့ Next ရဲ့ Vue alternative Nuxt နဲ့ရေးဖို့ဆုံးဖြတ်လိုက်တယ်။ ရေးရတာတော့ ဘာမှမခက်ပါဘူး။ Nuxt က Documentation ဖတ် Tutorial လေးကြည့်ပြီး ရေးလိုက်တာ ဘာမှတောင်မကြာလိုက်ဘူး။ @nuxt/content ကလည်း Markdown အတွက် တော်တော်လေးအဆင်ပြေတယ်။ ကြာတာကတော့ Post ရေးပြီးတင်ရတာပဲ။ Google Keep မှာ ရေးထားတာ August လောက်ထဲက ၊ Format ချတာရယ် ၊ Links တွေထည့်တာရယ်ကို လုပ်မယ် လုပ်မယ် နဲ့ 3 လနီးပါးလောက်အကြာအခု October မှပဲတင်ဖြစ်တော့တယ်။

php
echo 'Hello, World!';